crested serpent eagle about
[Unicode]
လင်းယုန်
crested serpent eagle
Least Concern (IUCN 3.1)
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Aves
မျိုးစဉ်:Accipitriformes
မျိုးရင်း:Accipitridae
မျိုးစု:Spilornis
မျိုးစိတ်:S. cheela
ဒွိနာမ
Spilornis cheela
Latham, 1790
Subspecies S. c. pallidus from the lowlands of northern Borneo
လင်းယုန်သည် စွန်၊ လင်းတ၊ သိမ်းငှက်မျိုးတို့နှင့်အတူ ဖော်လကိုနီဖောမီး မျိုးစဉ်တွင် အက်ကဆစ်ပီထရီဒီး မျိုးရင်း၌ပါဝင်၍ ငှက်ရဲဖြစ်သည်။ ပါဏဗေဒအမည်မှာ စပိုင်လောနစ်ချီးလာဗာမေးနီးကပ် ဖြစ် သည်။ အလျား ၂၆ လက်မမှ ၂၈ လက်မထိရှိ၍ ငှက်မသည် ငှက်ဖိုထက် ထွားကျိုင်းသည်။ ပျံသန်းနေစဉ် အတောင်များသည် အလွန်ကျယ်ပြန့်၍ ဝိုင်းနေသကဲ့သို့ ထင်ရသည်။ အောက်မှနေကြည့်လျှင် အတောင်တစ်ခုစီ၏ နောက်ဘက်စွန်း တစ်လျှောက်လုံးတွင် အဖြူတန်းကြီးနှစ်ခုနှင့် အမြီးတွင် ကန့်လန့်ဖြတ်အဖြူတန်းတစ်ခု တွေ့ရခြင်းအားဖြင့် လင်းယုန် ဟု အလွယ် တကူ မှတ်မိနိုင်သည်။
လင်းယုန်သည် သစ်တောနှင့် သစ်ပင် ထူထပ်စွာပေါက်ရောက် သော ဒေသများတွင် နေထိုင်ကျက်စားသည်။ လင်းယုန်သည် များသော အားဖြင့် အလျား ခုနစ်ပေမှ ရှစ်ပေအထိရှည်သော မြွေများကို သတ်ဖြတ်စား သောက်သည်။ ပုတ်သင်၊ ကင်းလိပ်ချော စသော ဖွတ်၊ ပုတတ်မျိုး၊ ဖား၊ ပိုးမွှားနှင့် ငှက်များကိုလည်း ဖမ်ယူစားသောက်သည်။ ကောင်းကင်ထက်၌ မြင့်မားစွာ ဝဲပျံ၍ နေတတ်သည်။ လင်းယုန်သည် အလွန်ရဲရင့်ရာ အနီးသို့ လူရောက်လာသည်တိုင်အောင် မပြေးဘဲ ဝံ့ဝံ့စားစား ခံနေတတ်သည်။ လင်း ယုန်သည် ဆူညံစွာနေတတ်၍ ပျံသန်းရင်းအသံမျိုးစုံဖြင့် အော်တတ်သည်။ မိတ်လိုက်ချိန်များတွင် ပို၍ဆူညံကြသည်။
လင်းယုန်သည် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း သားပေါက် သည်။ အသိုက်များကို စမ်းချောင်းများအနီးရှိ မြင့်မားသော သစ်ပင်ကြီးများ ၌ သစ်ကိုင်းများဖြင့် ပြုလုပ်သည်။ အသိုက်မှာ ငှက်၏ အရွယ်နှင့်စာလျှင် သေးငယ်သည်။ ဥတစ်လုံးတည်းသာ ဥသည်။ လင်းယုန်များကို အရှေ့တိုင်း နိုင်ငံများတွင် အနှံ့အပြားတွေ့ရသည်။ မြန်မာနိုင်ငံ သစ်တောအားလုံး လောက်တွင် ပေပေါင်းမည်မျှမြင့်သည်ဖြစ်စေ အမြဲတမ်းနေထိုင်ကြသည်။ လင်းယုန်ငှက်သည် သဘာဝအားဖြင့် ရဲရင့်ခြင်းသတ္တိနှင့် ပြည့်စုံ သောကြောင့် ရှေးပဝေဏီကပင် ယင်းငှက်ကို အမျိုးသား အထိမ်းအမှတ် အဖြစ်ဖြင့် အသိအမှတ်ပြုကြသည်။ အမေရိကန်ပြည်ထောင်စုတွင် လင်းယုန် ငှက်ကို အမျိုးသားအထိမ်းအမှတ်အဖြစ်ဖြင့် သတ်မှတ်ထားသည်။ ရှေးက ခေတ်ကောင်းခဲ့သော ရောမနိုင်ငံတော်ကြီးတွင်လည်း လင်းယုန်ငှက်ကို အမျိုးသားအထိမ်းအမှတ်အဖြစ်ဖြင့် အသုံးပြုခဲ့ကြလေသည်။
[Zawgyi]
လင္းယုန္
crested serpent eagle
Least Concern (IUCN 3.1)
သိပၸံနည္းက် အမ်ိဳးအစားခြဲျခင္း
ေလာက:Animalia
မ်ိဳးေပါင္းစု:Chordata
မ်ိဳးေပါင္း:Aves
မ်ိဳးစဥ္:Accipitriformes
မ်ိဳးရင္း:Accipitridae
မ်ိဳးစု:Spilornis
မ်ိဳးစိတ္:S. cheela
ဒြိနာမ
Spilornis cheela
Latham, 1790
Subspecies S. c. pallidus from the lowlands of northern Borneo
လင္းယုန္သည္ စြန္၊ လင္းတ၊ သိမ္းငွက္မ်ိဳးတို႔ႏွင့္အတူ ေဖာ္လကိုနီေဖာမီး မ်ိဳးစဥ္တြင္ အက္ကဆစ္ပီထရီဒီး မ်ိဳးရင္း၌ပါဝင္၍ ငွက္ရဲျဖစ္သည္။ ပါဏေဗဒအမည္မွာ စပိုင္ေလာနစ္ခ်ီးလာဗာေမးနီးကပ္ ျဖစ္ သည္။ အလ်ား ၂၆ လက္မမွ ၂၈ လက္မထိရွိ၍ ငွက္မသည္ ငွက္ဖိုထက္ ထြားက်ိဳင္းသည္။ ပ်ံသန္းေနစဥ္ အေတာင္မ်ားသည္ အလြန္က်ယ္ျပန႔္၍ ဝိုင္းေနသကဲ့သို႔ ထင္ရသည္။ ေအာက္မွေနၾကည့္လွ်င္ အေတာင္တစ္ခုစီ၏ ေနာက္ဘက္စြန္း တစ္ေလွ်ာက္လုံးတြင္ အျဖဴတန္းႀကီးႏွစ္ခုႏွင့္ အၿမီးတြင္ ကန႔္လန႔္ျဖတ္အျဖဴတန္းတစ္ခု ေတြ႕ရျခင္းအားျဖင့္ လင္းယုန္ ဟု အလြယ္ တကူ မွတ္မိနိုင္သည္။
လင္းယုန္သည္ သစ္ေတာႏွင့္ သစ္ပင္ ထူထပ္စြာေပါက္ေရာက္ ေသာ ေဒသမ်ားတြင္ ေနထိုင္က်က္စားသည္။ လင္းယုန္သည္ မ်ားေသာ အားျဖင့္ အလ်ား ခုနစ္ေပမွ ရွစ္ေပအထိရွည္ေသာ ေႁမြမ်ားကို သတ္ျဖတ္စား ေသာက္သည္။ ပုတ္သင္၊ ကင္းလိပ္ေခ်ာ စေသာ ဖြတ္၊ ပုတတ္မ်ိဳး၊ ဖား၊ ပိုးမႊားႏွင့္ ငွက္မ်ားကိုလည္း ဖမ္ယူစားေသာက္သည္။ ေကာင္းကင္ထက္၌ ျမင့္မားစြာ ဝဲပ်ံ၍ ေနတတ္သည္။ လင္းယုန္သည္ အလြန္ရဲရင့္ရာ အနီးသို႔ လူေရာက္လာသည္တိုင္ေအာင္ မေျပးဘဲ ဝံ့ဝံ့စားစား ခံေနတတ္သည္။ လင္း ယုန္သည္ ဆူညံစြာေနတတ္၍ ပ်ံသန္းရင္းအသံမ်ိဳးစုံျဖင့္ ေအာ္တတ္သည္။ မိတ္လိုက္ခ်ိန္မ်ားတြင္ ပို၍ဆူညံၾကသည္။
လင္းယုန္သည္ ေဖေဖာ္ဝါရီလမွ ဧၿပီလအတြင္း သားေပါက္ သည္။ အသိုက္မ်ားကို စမ္းေခ်ာင္းမ်ားအနီးရွိ ျမင့္မားေသာ သစ္ပင္ႀကီးမ်ား ၌ သစ္ကိုင္းမ်ားျဖင့္ ျပဳလုပ္သည္။ အသိုက္မွာ ငွက္၏ အ႐ြယ္ႏွင့္စာလွ်င္ ေသးငယ္သည္။ ဥတစ္လုံးတည္းသာ ဥသည္။ လင္းယုန္မ်ားကို အေရွ႕တိုင္း နိုင္ငံမ်ားတြင္ အႏွံ႕အျပားေတြ႕ရသည္။ ျမန္မာနိုင္ငံ သစ္ေတာအားလုံး ေလာက္တြင္ ေပေပါင္းမည္မွ်ျမင့္သည္ျဖစ္ေစ အၿမဲတမ္းေနထိုင္ၾကသည္။ လင္းယုန္ငွက္သည္ သဘာဝအားျဖင့္ ရဲရင့္ျခင္းသတၱိႏွင့္ ျပည့္စုံ ေသာေၾကာင့္ ေရွးပေဝဏီကပင္ ယင္းငွက္ကို အမ်ိဳးသား အထိမ္းအမွတ္ အျဖစ္ျဖင့္ အသိအမွတ္ျပဳၾကသည္။ အေမရိကန္ျပည္ေထာင္စုတြင္ လင္းယုန္ ငွက္ကို အမ်ိဳးသားအထိမ္းအမွတ္အျဖစ္ျဖင့္ သတ္မွတ္ထားသည္။ ေရွးက ေခတ္ေကာင္းခဲ့ေသာ ေရာမနိုင္ငံေတာ္ႀကီးတြင္လည္း လင္းယုန္ငွက္ကို အမ်ိဳးသားအထိမ္းအမွတ္အျဖစ္ျဖင့္ အသုံးျပဳခဲ့ၾကသည္။
Comments
Post a Comment