Shikra ~about
[Unicode]
ချိုးသိမ်း
ချိုးသိမ်းShikra
Adult male (dussumieri)
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
Least Concern (IUCN 3.1)[၁]
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Falconiformes
မျိုးရင်း: Accipitridae
မျိုးစု: Accipiter
မျိုးစိတ်: A. badius
ဒွိနာမ
Accipiter badius
Gmelin, 1788
Subspecies
cenchroides (Severtzov, 1873)
dussumieri (Temminck, 1824)
badius (Gmelin, 1788)
poliopsis (Hume, 1874)
sphenurus (Rüppell, 1836)
polyzonoides A. Smith, 1838
Synonyms
Astur badius
Scelospizias badius
Micronisus badius
ချိုးသိမ်းသည် သိမ်းငှက် အငယ်စားတစ်မျိုးဖြစ်၍ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးလိုလိုပင် တွေ့ရသည်။ အလျား ၁၂ လက်မမှ ၁၄ လက်မအထိရှိ၍ ငှက်မသည် ငှက်ဖိုထက် ကိုယ်လုံးကိုယ်ထည် ကြီးသည်။ ငှက်ငယ်ကလေး၏ အထက်ပိုင်းအရောင်မှာ အညို ရင့်ရောင်ဖြစ်၍ ကိုယ်အောက်ပိုင်း၌ ဖြူကာ အညိုစင်းများ ရှိသည်။ ချိုးသိမ်းသည် 'တီတူးတီတူး'ဟု စူးစူးရှရှနှင့် ဆင့်၍ ဆင့်၍ အော်တတ်သည်။
ကျွန်းတောများ၊ သစ်ပင်ထူထပ်သော စိုက်ခင်းများတွင် ကျက်စားသည်။ အလွန်မြင့်သောနေရာတွင် ပျံဝဲနေတတ်၍ ဖွတ်၊ ပုတတ်၊ နှံကောင်နှင့် ငှက်ငယ်ကလေးများ စသည်တို့ကို ဖမ်းယူစားသောက်တတ်သည်။ အလွန်ဆူညံစူးရှစွာ အော်တတ် ၍၊ သားပေါက်ချိန်တွင် ယင်းတို့၏အသံကို ပို၍ကြားရသည်။ ချိုးသိမ်းသည် မတ်လနှင့် ဧပြီလများတွင် သားပေါက် သည်။ အသိုက်ကို သစ်ကိုင်းခွတွင် တုတ်ချောင်း၊ မြက်ခြောက် တို့ဖြင့် ပြုလုပ်သည်။ တစ်မြုံလျှင် ပြာလဲ့လဲ့ဥ ၃ လုံးမှ ၅ လုံးအထိ ရှိတတ်သည်။ ဥအရွယ်မှာ ပျမ်းမျှအလျား ၁.၅၅ လက်မနှင့် ပြက် ၁.၂၂ လက်မ ရှိသည်။
[Zawgyi]
ချိုးသိမ်း
ချိုးသိမ်းShikra
Adult male (dussumieri)
Least Concern (IUCN 3.1)[၁]
လောက: Animalia
မျိုးပေါင်း: Aves
မျိုးစု: Accipiter
မျိုးစိတ်: A. badius
ဒွိနာမ
Accipiter badius
Gmelin, 1788
Subspecies
badius (Gmelin, 1788)
poliopsis (Hume, 1874)
sphenurus (Rüppell, 1836)
Synonyms
Astur badius
Scelospizias badius
Micronisus badius
Comments
Post a Comment